Outbound Tours

တရုတ်ပြည်ခရီးစဉ် (ဘေကျင်း - ရှန်ဟိုင်း)

Tour Code :
Tour Duration : (၄ည/၅ရက်)

ရန်ကုန်-ဘေကျင်း

Day 1 ရန်ကုန်  ဘေကျင်း ( - / နေ့လယ်စာ / ညစာ ) ည (၁၁းဝ၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာဆောင်တွင် OD Tour ကုမ္ပဏီ၏ Tour Leader မှ ကြိုဆိုနှုတ်ဆက်ပြီး Dragon Air လေကြောင်းလိုင်းဖြင့် နံနက် (၀၁း၁၀) နာရီတွင် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ စတင်ထွက်ခွာပါမည်။ နံနက် (၁ဝး၅၀) အချိန်တွင် ဘေကျင်းလေဆိပ်သို့ရောက်ရှိ၍ နေ့လယ်စာကို သုံးဆောင်ပြီး မင်မင်းဆက်နှင့် ချင်မင်းဆက်တို့တွင် မင်းဧကရာဇ်တို့ ကောင်းကင်ဘုံရှိနတ်ဘုရားများသို့ ဝတ်ပြု ပူဇော်ရာ ဘုရားကျောင်း Temple of Heaven သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ညစာကိုသုံးဆောင်ပြီး ဘေကျင်းမြို့၏ နံမည်ကျော် Acrobatic Show သို့သွားရောက်ကြည့်ရှု၍ ၎င်းညကို ဘေကျင်းမြို့ရှိ Beijing Xingzheju Hotel or Similar ဟိုတယ်တွင် ညအိပ်အနားယူပါမည်။

ဘေကျင်း

Day 2 ဘေကျင်း (နံနက်စာ / နေ့လယ်စာ / ညစာ) နံနက်စာကို ဟိုတယ်တွင်သုံဆောင်ပြီး ကီလိုမီတာ ၇၆၀၀ ကျော်ရှည်လျားသော ကမ္ဘာကျော် ဂရိတ်ဝေါ မဟာတံတိုင်းကြီးသို့ သွားရောက်လည်ပတ်လေ့လာပါမည်။ ထို့နောက် ရှေးဘုရင်မင်းဆက်တို့စိုးစံခဲ့ရာ UNESCO မှ ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ထားသော Summer Palace သို့သွားရောက်လည်ပတ်ပြီး နေ့လယ်စာကို သုံးဆောင်ပါမည်။ ထို့နောက် အိုလံပစ်ပွဲတော်ကျင်းပခဲ့ရာ Beijing Olympic Park ၊ ငှက်သိုက်ပုံ အမျိုးသား အားကစားပြိုင်ကွင်းနှင့် ရေကူးကန်တို့ကို သွားရောက်လည်ပတ်ပြီး ပြင်ပမှအမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါမည်။ ညစာကိုသုံးဆောင်ပြီး ၎င်းညကို ဘေကျင်းမြို့ရှိ Beijing Xingzheju Hotel or Similar ဟိုတယ်တွင် ညအိပ် အနားယူပါမည်။

ဘေကျင်း - ရှန်ဟိုင်း

Day 3 ဘေကျင်း - ရှန်ဟိုင်း (နံနက်စာ / နေ့လယ်စာ / ညစာ) နံနက်စာကို ဟိုတယ်တွင်သုံဆောင်ပြီး ဟိုတယ်မှ Check Out ပြုလုပ်၍ ငြိမ်းချမ်းသော ကောင်းကင်ဘုံ၏ ဂိတ်တံခါးဟုခေါ်ဝေါ်သော တီယန်မန်ရင်ပြင် Tiananmen Square နှင့် မင်မင်းဆက်၏ တော်ဝင်နန်းတော် ဖြစ်ခဲ့သော The Forbidden City တို့ကို သွားရောက်လည်ပတ်၍ အမှတ်တရဓါတ်ပုံ ရိုက်ကူးကြပါမည်။ ထို့နောက် နေ့လယ်စာကိုသုံးဆောင်ပြီး မြန်နှုန်းမြင့်မီးရထားခေါ် Highspeed Train ဖြင့် ရှန်ဟိုင်းမြို့သို့ ဆက်လက်ထွက်ခွာ ပါမည်။ ညပိုင်းတွင် ရှန်ဟိုင်းမြို့သို့ရောက်ရှိ၍ ညစာကိုသုံးဆောင်ပြီး ၎င်းညကို ရှန်ဟိုင်းမြို့ရှိ Days Hotel Shanghai Hongkou Fortune or Similar ဟိုတယ်တွင် ညအိပ်အနားယူပါမည်။

ရှန်ဟိုင်း

Day 4 ရှန်ဟိုင်း (နံနက်စာ / နေ့လယ်စာ / ညစာ) နံနက်စာကို ဟိုတယ်တွင်သုံဆောင်ပြီး ၄၆၈ မီတာအမြင့်ရှိသော Oriental Pearl Radio and TV Tower ၊ ရှန်ဟိုင်းမြို့၏ အမှတ်တရသင်္ကေတတစ်ခုဖြစ်သော The Bund ခေါ် ကမ်းနားလမ်းနှင့် နံမည်ကျော်နန်ကျင်း လမ်းမကြီး၊ Xintiandi street တို့တွင် စိတ်ကြိုက်စျေးဝယ်ထွက်ကြပါမည်။ ထို့နောက် ညစာကိုသုံးဆောင်ပြီး ၎င်းညကို ရှန်ဟိုင်းမြို့ရှိ Days Hotel Shanghai Hongkou Fortune or Similar ဟိုတယ်တွင် ညအိပ်အနား ယူပါမည်။

ရှန်ဟိုင်း - ရန်ကုန်

Day 5 ရှန်ဟိုင်း - ရန်ကုန် (1345//2345) (နံနက်စာ / -- / --) နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး ဟိုတယ်မှ Check Out ပြုလုပ်၍ ကျောက်စိမ်းဘုရား နှင့် Chenghuang စျေးတို့ကို သွားရောက်လည်ပတ်လေ့လာပါမည်။ ထို့နောက် နေ့လယ်စာကိုသုံးဆောင်ပြီး ရှန်ဟိုင်းအပြည်ပြည် ဆိုင်ရာလေဆိပ်မှ သက်ဆိုင်ရာလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာပါမည်။ ညပိုင်းတွင် ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိ၍ ပျော်ရွှင်ဖွယ်ခရီးစဉ်ပြီးဆုံးမည်ဖြစ်ပါသည်။




Tour Lists


Find in Facebook