Outbound Tours

တရုတ်ပြည်ခရီးစဉ်(ဘေကျင်း - ရှီအန်း - ရှန်ဟိုင်း)

Tour Code :
Tour Duration : (ရည/၈ရက်)

ရန်ကုန် - ဘေကျင်း

Day 1/2 ရန်ကုန်  ဘေကျင်း ( - / နေ့လယ်စာ / ညစာ ) ည (၁ဝးဝ၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာဆောင်တွင် OD Tour ကုမ္ပဏီ၏ Tour Leader မှ ကြိုဆိုနှုတ်ဆက်ပြီး Air China လေကြောင်းလိုင်းဖြင့် ည(၁၁း၅၀) နာရီတွင် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ စတင်ထွက်ခွာပါမည်။ နံနက် (၅း၅၀) အချိန်တွင် ဘေကျင်းလေဆိပ်သို့ရောက်ရှိ၍ နံနက်စာကို သုံးဆောင်ပြီး ငြိမ်းချမ်းသော ကောင်းကင်ဘုံ၏ ဂိတ်တံခါးဟုခေါ်ဝေါ်သော တီယန်မန်ရင်ပြင် Tiananmen Square သို့ သွားရောက်လည်ပတ်ပြီး နေ့လယ်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ထို့နောက် မင်မင်းဆက်၏ တော်ဝင်နန်းတော်ဖြစ်ခဲ့သော The Forbidden City တို့ကို သွားရောက်လည်ပတ်၍ အမှတ်တရ ဓါတ်ပုံ ရိုက်ကူးကြပါမည်။ ထို့နောက် ညစာကိုသုံးဆောင်ပြီး ၎င်းညကို ဘေကျင်းမြို့ရှိ Beijing Xingzheju Hotel or Similar ဟိုတယ်တွင် ညအိပ်အနားယူပါမည်။

ဘေကျင်း

နံနက်စာကို ဟိုတယ်တွင်သုံဆောင်ပြီး ကီလိုမီတာ ၇၆၀၀ ကျော်ရှည်လျားသော ကမ္ဘာကျော် ဂရိတ်ဝေါ မဟာတံတိုင်းကြီးသို့ cable car ဖြင့်တက်ရောက်၍ သွားရောက်လည်ပတ်လေ့လာပါမည်။ ထို့နောက် ရှေးဘုရင် မင်းဆက်တို့စိုးစံခဲ့ရာ UNESCO မှ ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ထားသော Summer Palace သို့ သွားရောက် လည်ပတ်ပြီး နေ့လယ်စာကို သုံးဆောင်ပါမည်။ ထို့နောက် အိုလံပစ်ပွဲတော်ကျင်းပခဲ့ရာ Beijing Olympic Park ၊ ငှက်သိုက်ပုံ အမျိုးသားအားကစားပြိုင်ကွင်းနှင့် ရေကူးကန်နှင့် အမှတ်တရဓါတ်ပုံရိုက်ကူးကြပါမည်။ ညစာကို သုံးဆောင်ပြီး ၎င်းညကို ဘေကျင်းမြို့ရှိ Beijing Xingzheju Hotel or Similar ဟိုတယ်တွင် ညအိပ်အနားယူ ပါမည်။

ဘေကျင်း - ရှီအန်း

Day 4 ဘေကျင်း - ရှီအန်း (နံနက်စာ / နေ့လယ်စာ / ညစာ) နံနက်စာကို ဟိုတယ်တွင်သုံဆောင်ပြီး ဟိုတယ်မှ Check Out ပြုလုပ်၍ ရှီအန်းမြို့သို့ မြန်နှုန်းမြင့်မီးရထားဖြင့် ဆက်လက်ထွက်ခွာပါမည်။ နေ့လယ်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီး ရှီအန်းမြို့ရှိနံမည်ကျော် Bell Tower Square၊ မြို့ဟောင်းခံတပ်တို့ကို သွားရောက်လည်ပတ်လေ့လာပါမည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီး ၎င်းညကို ရှီအန်းမြို့ရှိ Xi'an Xi He Feng Run Hotel or Similar ဟိုတယ်တွင် ညအိပ်အနားယူ ပါမည်။

ရှီအန်း

Day 5 ရှီအန်း (နံနက်စာ / နေ့လယ်စာ / ညစာ) နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး ကမ္ဘာအံ့ဖွယ် ၈ ခုထဲမှတစ်ခုအပါအဝင်ဖြစ်သော ချင်မင်းဆက်တွင် ထုလုပ်ထားခဲ့သော ရှေးဟောင်းရွှံ့ရုပ်ထုများရှိရာ Terracotta Warriors ရုပ်ထုများသို့ သွားရောက်လည်ပတ်လေ့ လာကြပါမည်။ ထို့နောက် နေ့လယ်စာကိုသုံးဆောင်ပြီး ရှီအန်းမြို့၏ ကျက်သရေဆောင် Big Wild Goose Pagoda သို့ သွားရောက်လည်ပတ်လေ့လာကြပါမည်။ ထို့နောက် ညစာကို စားသောက်ဆိုင်တွင်သုံးဆောင်ပြီး ၎င်းညကို ရှီအန်းမြို့ရှိ Xi'an Xi He Feng Run Hotel or Similar ဟိုတယ်တွင် ညအိပ်အနားယူပါမည်။

ရှီအန်း - ရှန်ဟိုင်း

Day 6 ရှီအန်း - ရှန်ဟိုင်း (နံနက်စာ / နေ့လယ်စာ / ညစာ) နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး ဟိုတယ်မှ Check Out ပြုလုပ်၍ မြန်နှုန်းမြင့်မီးရထားဖြင့် ရှန်ဟိုင်းမြို့သို့ ဆက်လက်ထွက်ခွာပါမည်။ နေ့လယ်စာကို ရထားပေါ်တွင်သုံးဆောင်ပြီး နေ့လယ်ပိုင်းတွင် ရှန်ဟိုင်းမြို့ရှိ နှစ်ပေါင်း တစ်ထောင်ကျော်သက်တမ်းရှိ Qibao Water Village ၊ Xintiandi လမ်းရှိညစျေးတန်းတို့ကို သွားရောက်လည် ပတ်လေ့လာပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူကြပါမည်။ ညစာကို စားသောက်ဆိုင်တွင်သုံးဆောင် ပြီး ၎င်းညကို ရှန်ဟိုင်းမြို့ရှိ Holiday Inn Express or Similar ဟိုတယ်တွင် ညအိပ်အနားယူပါမည်။

ရှန်ဟိုင်း

Day 7 ရှန်ဟိုင်း (နံနက်စာ / နေ့လယ်စာ / ညစာ) နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး ကျောက်စိမ်းဘုရားရှိရာကျောင်း၊ ရှန်ဟိုင်းမြို့ဟောင်းအတွင်းရှိ အရေးပါ ဆုံးသော Cheng Huang Miao ဘုရားကျောင်းနှင့် ရှေးဟောင်းရိုးရာ တရုတ်နေအိမ်များရှိရာ ရှန်ဟိုင်းမြို့ဟောင်း လမ်းတို့ကို သွားရောက်လည်ပတ်လေ့လာပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူကြပါမည်။ ထို့နောက် မြစ်ကမ်းနံဘေးရှိ နံမည်ကျော် The Bund (ခေါ်) ကမ်းနားလမ်း နှင့် နံမည်ကျော် Branded များနှင့် Apple Authorize Dealer ရှိရာ Nanjing Road Walking Street တို့တွင် စိတ်ကြိုက်စျေးဝယ်ထွက်ကြပါမည်။ ထို့နောက် ညစာကို စားသောက်ဆိုင်တွင်သုံးဆောင်ပြီး ၎င်းညကို ရှန်ဟိုင်းမြို့ရှိ Holiday Inn Express or Similar ဟိုတယ်တွင် ညအိပ်အနားယူပါမည်။

ရှန်ဟိုင်း - ရန်ကုန်

Day 8/9 ရှန်ဟိုင်း - ရန်ကုန် (နံနက်စာ / နေ့လယ်စာ / --) နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး ဟိုတယ်မှ Check Out ပြုလုပ်၍ ၄၆၈ မီတာအမြင့်ရှိသော Oriental Pearl Radio and TV Tower ဒုတိယထပ်ရှိ မှန်ကြမ်းခင်းမှနေ၍ ရှန်ဟိုင်းမြို့၏ အလှအပကို ကြည့်ရှုခံစားကြပါမည်။ ထို့နောက် နေ့လယ်စာကိုသုံးဆောင်ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများဝယ်ရန်အတွက် Huaihai လမ်းသို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် ရှန်ဟိုင်းလေဆိပ်သို့ ပြန်လည်ထွက်ခွာ၍ Air China လေကြောင်းလိုင်းဖြင့် ကွမ်ကျိုးမြို့မှတဆင့် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာပါမည်။ နောက်တစ်နေ့ နေ့လယ်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိ၍ ပျော်ရွှင်ဖွယ်ခရီးစဉ်ပြီးဆုံးပါမည်။




Tour Lists


Find in Facebook