Outbound Tours

ဗုဒ္ဓဂယာခရီးစဉ်

Tour Code :
Tour Duration : 7 Days / 6 Nights

ဗုဒ္ဓဂယာ – ဗာရာဏသီ – သာဝတ္ထိ – လုမ္ဗနီ – ကုသိနာရုံ – ဝေသာလီ – ပတ္တနား – ရာဇဂြိုလ် – နယူးဒေလီ

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသမှာ ဖွားမြင်တော်မူခဲ့ပြီး ဤဒေသရဲ့တောတောင်ရိပ်တွေမှာတရားဘာဝနာ ပွားများရင်း သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိတော်မူခဲ့ပါတယ်။ ထို့နောက် မြတ်ဗုဒ္ဓဘုရားရှင်ဟာအိန္ဒိယနိုင်ငံနေရာအနှံ့အပြားသို့ဒေသစာရီ ကြွချီတော်မူပြီး သာသနာတော်တိုးတက်ပျံ့ပွားအောင် စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူခဲ့ပြီး နောက် သက်တော်၈၀ ၊ ဝါတော်၄၅ဝါ တွင် မဟာပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါတယ်။ သို့ဖြစ်ပါ၍ မြတ်စွာဘုရားရှင် သက်တော် ထင်ရှားရှိစဉ်အချိန်က လှုပ်ရှားသွားလာတော်မူခဲ့ရာ နေရာများဖြစ်ကြသော သံဝေဇနိယလေးဌာန(ဖွား၊ပွင့်ဟော၊စံ) နှင့် အဝိဇဟိတလေးဌာန(သိ၊ဟော၊မြဲနေ၊ဆင်းနတ်ပြည်) သို့ ဗုဒ္ဓဘာသာ ဝင်တိုင်း ဗုဒ္ဓသာသနာတော်ရဲ့ မိခင်ဒေသအဖြစ် သွားရောက်ပူဇော်ကန့်တော့လေ့ရှိကြပါတယ်။ ထို့ကြောင့် အတွေးအခေါ်အယူအဆ၊ ဘာသာတရားနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံ မျိုးစုံထွန်းကားတော်မူခဲ့သော ဗုဒ္ဓဂယာမြေမြတ်မဟာသို့ အဆင်ပြေချောမွေ့စွာ သွားရောက် လည်ပတ်နိုင်စေရန် ဟိုတယ်၊မြန်မာ ကျောင်းတို့ဖြင့် OD TOUR မှ အကောင်းဆုံးဝန်ဆောင်မှုပေးလျှက်ရှိပါသည်။




Tour Lists


Find in Facebook