Outbound Tours

သီရိလင်္ကာခရီးစဉ်

Tour Code :
Tour Duration : 7 Days / 6 Nights

ကိုလံဘို – ဒမ္ဘူလ – စီဂရိယ – ကန္ဒီ – အနုရာဓပူရ – ပိုလာနရူဝ

မြတ်ဗုဒ္ဓသာသနာလွန်စွာထွန်းကားတော်မူခဲ့ပြီး သဘာဝတောတောင်ရေမြေတို့နှင့်အတူUNESCO ၏ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်များစွာကို ပိုင်ဆိုင်ထားသော စတုတ္ထသံဃာယနာ တင်တော်မူခဲ့ရာရှေးယခင်သီဟိုဠ်ကျွန်းလို့ခေါ်တဲ့ သီရိလင်္ကာနိုင်ငံရှိ မြတ်စွာဘုရားရှင်၏ လက်ဝဲအောက်စွယ်တော်မြတ် လှည့်လည်ပူဇော်ပွဲကျင်းပရာ ကန္ဒီ၊ အာသောကမင်းကြီး ၏ သမီးတော် သံင်္ဃမိတ္တာ ထေရီမ ပင့်ဆောင်စိုက်ပျိုးခဲ့သည့် သီရိမဟာဗောဓိပင်၊ထူပါရာမစေတီ စသည့်ရှေးဟောင်းစေတီပုထိုး များစွာရှိသော အနုရာဓပူရ၊ ရှေးဟောင်းနံရံဆေးရေးပန်းချီတို့ဖြင့်ထင်ရှားကျော်ကြားလှသော စီဂရိယ နှင့် ဒမ္ဘူလ ၊ စိမ်းလန်း စိုပြေလှပပြီး အေးချမ်းလှသည့် တောင်ပေါ်ရာသီဥတုကိုအမြဲပိုင်ဆိုင်ထားသော ပိုလာနရူ၀ ၊ ဈေးဝယ်စင်တာများနှင့်အမြဲ စည်ကားရာ ကိုလံဘို တို့ကို စုံလင်စွာ သွားရောက်လည်ပတ်နိုင်စေရန် OD TOUR မှ မိသားစုသဖွယ်ကုသိုလ်ယူပို့ဆောင် ပေးလျှက်ရှိပါသည်။




Tour Lists


Find in Facebook